"Blue Ocean ရဲ့ (၂၄) ပတ်ကြာ Young Leader
သင်တန်းအောင်မြင်စွာပြီးဆုံး"
အလုပ်လုပ်ရင် အမြဲ
SMARTကျ နေရမယ် Commitment ရှိရမယ် အပြောနှင့်အလုပ်ညီရမယ်
သူကိုယ်တိုင်လည်း ဒီအချက်တွေနဲ့ ကိုက်ညီပြီး
ကျွန်တော်တို့ကိုလည်း ထိုကဲ့သို့ ဖြစ်စေချင်သော ကျွန်တော်တို့ Blue
Ocean ရဲ့ Chairman & Group CEO ကိုယ်တိုင်
သင်ကြားပေးခဲ့တဲ့
Boom Young Leader Program (Boomvenger) Trainingကို (24)ပတ်အကြာ
တက်ရောက်ပြီး ယနေ့မှာ ပြီးမြောက်ခဲ့ပါပြီး ..
"မင်းတို့ Program က ပြီးသွားတာ မဟုတ်ဘူး၊ မင်းတို့ဘဝက
အခုမှစမှာ" အမြဲမှတ်မိလျှက်ပါ။
Home Stay ကာလ အခမဲ့ကုသနိုင်မယ့် ဆေးခန်းများကို Star Phone
Application မှာကြည့်ရှုနိုင်ပါပြီ...📣
အခုလိုအချိန်ကာလဆိုတာ COVID-19 ကပ်ရောဂါဆိုးကြောင့်
လူတိုင်းနေမကောင်းဖြစ်မှာကို
ကြောက်နေကြတဲ့အချိန်ကာလလို့တောင်ပြောလို့ရပါတယ်။
Home Stay
ကာလမှာ ဖျားနာပြီးနေမကောင်းဖြစ်လာရင် ဆရာဝန်နဲ့ပြသဖို့အတွက်
ဆေးရုံဆေးခန်းမဖွင့်တာမျိုးနဲ့ ဆရာဝန်ဆေးခန်းထိုင်မယ့်အချိန်ကို
မေးမြန်းစုံစမ်းရမှာခက်ခဲတာမျိုးတွေက
လူတော်တော်များများကြုံတွေ့နေရတဲ့ အခက်အခဲတွေပဲဖြစ်ပါတယ်။
ဒီလိုကျန်းမာရေးပြဿနာတွေဖြစ်လာခဲ့မယ်ဆိုရင်
နီးစပ်ရာမြို့နယ်ရှိ "ဖျားနာကုသအခမဲ့ဆေးခန်း" တွေမှာ
သွားရောက်ကုသနိုင်ဖို့အတွက်
ဆေးခန်းဖွင့်ချိန်နဲ့
လိပ်စာတွေကိုသာမက COVID-19 နှင့်ပတ်သတ်တဲ့
သတင်းအချက်အလက်မှန်သမျှကို "Star Phone Application" ထဲမှာ
တစ်နေရာတည်းကြည့်ရှုနိုင်အောင်
စီစဉ်ဆောင်ရွက်ပေးထားပါတယ်ဆိုတဲ့အကြောင်း
သတင်းကောင်းပါးလိုက်တယ်နော် ....။
ပြည်သူများအနေဖြင့် COVID -19 ရောဂါနှင့်ပတ်သတ်၍
တိကျမှန်ကန်သောသတင်းအချက်အလက်များကို
အချိန်နှင့်တပြေးညီသိရှိနိုင်စေရန်ရည်ရွယ်ပြီး "Blue Ocean
Operating Management" မှ "ကျန်းမာရေးဝန်ကြီးဌာန"နှင့် ပူးပေါင်း၍
"COVID-19 Call Center" ကို ဖွင့်လှစ်ပေးထားပါသည်။
2019ကို အခမဲ့ဖုန်းခေါ်ဆို၍
COVID-19ရောဂါနှင့်ပတ်သတ်သည့် နောက်ဆုံးရသတင်းအချက်အလက်များ၊
ကာကွယ်ရမည့်နည်းလမ်းများမေးမြန်းနိုင်မည့်အပြင် ဆရာဝန်များနှင့်
တိုက်ရိုက်ဆွေးနွေးနိုင်ပါပြီ။
- ပြည်သူများအနေဖြင့်
ကျန်းမာရေးအသိမပေါ့ဆဘဲ အောက်ပါအချက်အလက်များကို
စနစ်တကျလိုက်နာကျင့်သုံးမှသာ COVID-19 ကူးစက်မှုရောဂါမှ
ကာကွယ်နိုင်မည်ဖြစ်ပါသည်။
( ၁) လူစုလူဝေးရှိရာနေရာများကို
ရှောင်ကြဉ်ရန်။
(၂) အပြင်ထွက်တိုင်း ပါးစပ်နှင့်
နှာခေါင်းစည်းတပ်ဆင်ရန်။
(၃) အပြင်မှပြန်လာချိန်နှင့်
အရာဝတ္ထုများကိုင်တွယ်ပြီးချိန်တွင် လက်ကို Handgel (သို့မဟုတ်)
ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် (၂၀) ကြာအောင်
စင်ကြယ်စွာဆေးကြောကြရန်။
(၄) တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၃ပေ
(သို့မဟုတ်) ၆ပေအကွာတွင် နေထိုင်ရန်အထူးလိုအပ်ပါသည်။
Blue Ocean Operating Management Co., Ltd မှ တာဝန်ရှိသူများသည်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ခန်းမ(၄) သို့သွားရောက်ပြီး
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် အဖွဲ့ဝင်များအား
ယနေ့တွင် သွားရောက်တွေ့ဆုံခဲ့။ တွေ့ဆုံမှုတွင် Blue Ocean
Operating Management Co., Ltd မှ One Smart Star Myanmar (Star
Phone) ၏ Digital နည်းပညာကို အသုံးပြုပြီး Star Yangon (*946)
မည်ရှိသည့် Digital Platform တစ်ခုကို ဖော်ဆောင်ကာ
ရန်ကုန်မြို့တော်အား ခေတ်မှီတိုးတက်သော မြို့တော်တစ်ခုဖြစ်လာစေရန်
နှင့် ရန်ကုန်မြို့တော်နှင့် သက်ဆိုင်သော သတင်းအချက်အလက်များ
ရန်ကုန်မြို့ရှိ အထင်ကရနေရာများ ၊ စားသောက်ဆိုင်များ ၊
တည်းခိုနိုင်မည့်နေရာများ ၊ သယ်ယူ ပို့ဆောင်ရေး လမ်းကြောင်းများ
နှင့် အရေးပေါ် ဆက်သွယ် အကူအညီ တောင်းနိုင်သည့် ဖုန်းနံပါတ်များ
ကို အများပြည်သူများ လွယ်ကူ လျှင်မြန်စွာ သိရှိ ရယူနိုင်ပြီး
ခေတ်မှီတိုးတက်သည့် နေချင်စဖွယ်မြို့တော်တစ်ခု ဖြစ်လာစေရေးအတွက်
Digital နည်းပညာ များအား ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့်
အကြောင်းအရာများကို သွားရောက်ဆွေးနွေး တင်ပြခဲ့ ။